အများနဲ့မတူဘဲ ထူးခြားပြီး ထည်ဝါလှပတဲ့ အဆင်မျိုးကို ရှာနေတယ်ဆိုရင်တော့ "လက်ကော်ချိတ်ပြည့်" လေးရှိပါတယ်ရှင်။ လက်ယက္ကန်းပညာရှင်တွေက အချိန်အကြာကြီးယူပြီး အထည်တစ်ပြင်လုံးကို ချိတ်ကွက်အနုစိတ်လေးတွေနဲ့ တစ်ကွက်ချင်း လက်နဲ့ကော်ပြီး ပုံဖော်ထားတာဖြစ်လို့ တကယ့်ကို အဖိုးတန်တဲ့ အနုပညာလက်ရာတစ်ခုပါပဲ။
အဆင်အပြည့်မို့လို့ ဝတ်ဆင်လိုက်ရင် ကိုယ်လုံးကိုယ်ပေါက်ကို ပိုမိုပေါ်လွင်စေပြီး ဘယ်လိုပွဲမျိုးသွားသွား မင်းသမီးတစ်ပါးလို ကျက်သရေရှိနေမှာ အသေအချာပါပဲရှင်။