"မြင်သူတိုင်း ငေးမောသွားစေမယ့် ယဉ်ယဉ်လေးနဲ့ လှတဲ့ လက်ကော်တိမ်ပန်းနွယ်" 🌸☁️
အရောင်အသွေး နုနုလေးတွေကိုမှ နှစ်သက်တဲ့ မမတို့အတွက် အစိမ်းနုရောင်နဲ့ ခဲရောင်စပ်ထားတဲ့ "လက်ကော်တိမ်ပန်းနွယ်" အဆင်သစ်လေး ရောက်ရှိလို့ လာပါပြီ။
တိမ်ပုံစံ အနားသတ်လေးတွေနဲ့အတူ ပန်းရောင်၊ အပြာရောင် ပန်းနွယ်ကနုတ်လေးတွေကို ယက္ကန်းပညာရှင်တွေက တစ်ကွက်ချင်း လက်နဲ့ကော်ပြီး ပုံဖော်ထားတာဖြစ်လို့ ဝတ်လိုက်ရင် ယဉ်ယဉ်လေးနဲ့ တကယ့်ကို ချစ်စရာကောင်းပါတယ်။ ချည်သားစစ်စစ်ရဲ့ အေးမြမှုကို ခံစားရင်း မြန်မာဆန်ဆန် လှပချင်သူများအတွက် အထူးသင့်တော်ပါတယ်ရှင်။