မိန်းမဆိုတာ အဖိခံ...

ပို့စ်တင်ချိန် - လွန်ခဲ့သော 1 နှစ် က
ကြော်ငြာနံပါတ်

S-50766

26 views
ရန်ကုန်
5,000 MMK
အသုံးပြုပြီး

ကုန်ပစ္စည်း၏ အသေးစိတ်အချက်အလက်များ

အမျိုးသမီးဆိုတာ second sex လို့တောင်ခေါ်ရအောင် ယောကျ်ားလေးတွေနှိမ်တာကိုခံခဲ့ကြရတယ်...

အိမ်ထောင်ကျသွားပြီဆိုတာနဲ့ အမျိုးသမီးဆိုတာ အိမ်ထဲမှာပဲနေရမယ် အိမ်လုပ်ကိစ္စပဲလုပ်ရမယ် ဆိုတဲ့ ဓလေ့အယူအဆတွေရှိကြတယ်...

တစ်ချို့နိုင်ငံတွေမှာဆို အမျိုးသမီးတွေကကားမောင်းခွင့်တောင်မရဘူး လူ့အခွင့်အရေးတွေဆုံးရှုံးခံနေခဲ့ရတယ်...

အမျိုးသားတွေက
အမျိုးသမီးတွေဆိုနှိမ်ချင်ကြတာများတယ်...

သည်လို 1950 ပတ်ဝန်းကျင်က အယူအဆတွေနဲ့ အမျိုးသမီးတွေကလည်း အမျိုးသားတွေလို ရင်ဘောင်တန်းနိုင်တယ် လုပ်ကိုင်နိုင်တယ် စွမ်းဆောင်နိုင်ပါတယ်ဆိုတဲ့ The second sex စာအုပ်ဟာ
အောင်မြင်ခဲ့ပြီး နိုင်ငံတကာမှာအမျိုးသမီးအခွင့်အရေးတွေအတွက် လမ်းစတစ်ခုဖြစ်လာခဲ့တယ်။

မူရင်း ရေးသားသူ ဒီဗူးဗွား၏ The Second Sex ကို ဆရာမြသန်းတင့် ဘာသာပြန်ထားပြီး မိန်းမများ၏ အတွင်းစိတ်ကို အတွင်းကျကျ ဖော်ထုတ် ရေးသားထားသည့် စာအုပ်ဖြစ်သည်။

အိမ်တွင် အစ်ကိုများ၊ မောင်များ၏ အနိုင်ခံရသောမိန်းကလေး၊ စိတ်ကူးတိမ်တိုက်တွေကို စီးကာ အိပ်မက်တိုင်းပြည်သို့ သွားနေသောအပျိုဖော်ဝင်စ၊လောကအကြောင်းကို အနည်းနှင့် အများ နားလည်စပြုလာသောအပျိုစင်၊ အချစ်ဖြင့် ရွှန်းလဲ့ဝင်းပနေသောချစ်သူ၊ လွတ်လွတ်လပ်လပ် နေချင်နေသောမိန်းမ၊ ယောကျ်ားလျာ၊ ပြည့်တန်ဆာ၊ အိမ်ထောင်ရှင်၊ မြေးတို့၏ အဘွား စသည်ဖြင့် ...
မွေးလာသည်မှ သေသည်အထိ၊ နုနယ်ပျိုမျစ်ရွယ်မှ ဆံဖြူသွားကြွေ အထိ မိန်းမတို့၏အတွင်းစိတ်ကို စေ့စပ်စွာ ရေးပြထားသည့် မိန်းမတို့အကြောင်း၊ မိန်းမတို့၏ လျှို့ဝှက်ချက်တို့ကို ဖွင့်ပြထားသကဲ့သို့ရှိသည့် စာအုပ်ဖြစ်သည်။
-တတိယအကြိမ်
-စာမျက်နှာ ၃၀၀ ကျော်

photo
အရောင်း 💥မီနီကွန်ဒိုအသစ်အရောင်း 💥#မရမ်းကုန်းမြို့နယ် ၈ ရပ်ကွက် သူရသတီလမ်း ကမ္ဘာအေးဘုရားဒဲ့ပေါက် လမ်းကျယ် နေရာကောင်း...
မရမ်းကုန်း | ရန်ကုန်တိုင်းဒေသကြီး
မီနီကွန်ဒို
2,800 သိန်း (ကျပ်)
photo
ဗိုလ်ရန်အောင်ကွန်ဒိုအရောင်း
မရမ်းကုန်း | ရန်ကုန်တိုင်းဒေသကြီး
မီနီကွန်ဒို
4,500 သိန်း (ကျပ်)
photo
ဗိုလ်တထောင်၊ဗိုလ်မြတ်ထွန်းလမ်းမကြီးပေါ်၊ပေကျယ်၊ကားပါကင်အလွန်အဆင်ပြေသောနေရာမို့၊စရန်ဦးသူရ👉☎️...
ဗိုလ်တထောင် | ရန်ကုန်တိုင်းဒေသကြီး
မီနီကွန်ဒို
7,000 သိန်း (ကျပ်)
photo
#တောင်ဥက္ကလာ #ဝေဇယန္တာလမ်းအနီး #ရပ်ကွက်သန့် #နေရာကောင်း #ကားပါကင်ပါသော #ကွန်ဒိုအရောင်း
တောင်ဥက္ကလာပ | ရန်ကုန်တိုင်းဒေသကြီး
မီနီကွန်ဒို
3,990 သိန်း (ကျပ်)